dgfg



ကျွန်မ ငွေမချမ်းသာပေမဲ့ မေတ္တာချမ်းသာတဲ့သူ.. ပြင်မရ အသစ်သာလုပ်ခိုင်းလိုက်ဆိုပြီး လှည်းသစ်လေး ထပ်လုပ်တယ်.. ၂ သိန်း ၅ သောင်း ကုန်ကျတယ်.. ဆိုင်လေးကသပ်ရပ်သွားပြီဆိုတော့ လိုတာလေးတွေ, မီးလင်းဖို့ မီးချောင်း, ဓာတ်ဘူး, vinyl လေးတွေ ထုတ်ဖို့ ကျွန်မ ၃ သောင်းထပ်ပေးတာ.. ခုတော့ကြည့်ဦး သူတို့ ဆိုင်လေး သန့်သွားပြီ..။

ကျွန်မ သတိရတိုင်း ထကြည့်ရင် လူတွေ လာလာဝယ်နေကျတာ စားနေကျတာတွေ့ရပြီ.. ကျွန်မရဲ့ပီတိ ဝမ်းသာလွန်းလို့ ငိုမဲ့မျက်ဝန်းတွေနဲ့ ကျေးဇူးတင်နေတဲ့သူတို့ကို ကျွန်မ ပြောခဲ့လေးက ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ဆိုတာရယ်.. ကျေးဇူးတင်လို့ ဝမ်းသာရင် အလုပ်တွေကြိုးစားဆိုတာရယ်.. အမ ပျော်ရွှင်မှုဟာ ညည်းတို့မိသားစု ပြေလည်သထက်ပြေလည်ဖို့ဆိုတာရယ် မှာခဲ့မိတယ်..။

ညည်းအမျိုးသား အရက်မသောက် ပေါက်ကရမလုပ်ပဲ မိသားစုလေး စုစည်းရပ်တည်တဲ့ အကျိုးဖြစ်တယ်ဆိုတာလည်း ကျွန်မပြောခဲ့တယ်.. ဟုတ်တယ်လေ ကျွန်မ အရမ်းပင်ပန်းပြီး မချမ်းသာပဲမျှဝေတာ.. အရက်သမား အရက်သောက်ဖို့ဆို ခုလိုလုပ်ပေးဖို့ မပြောနဲ့ တကျပ်တောင်ကျွန်မ မပေးဘူး.. လာအကူအညီတောင်းလည်း အပြတ်ပြောမှာ.. ကျွန်မ လမ်းကူးပြီး ကျောခိုင်းတော့ အကိုရေ ညမရေ နဲ့ စျေးရောင်းကောင်းပြီး ဆည်းလည်းသံလေးတွေ ဝေဆာနေလေရဲ့..။

ပျော်လိုက်ရတဲ့ ပျော်ရွှင်မှုလေးမျှဝေရင်း သူတို့ရဲ့ ဘဝသစ်လေး ရောင်းကောင်းအောင် အားပေးပါဦး.. ကြည့်မြင်တိုင် အထက်လမ်း စလင်းကွင်းမှတ်တိုင်နဲ့ နတ်စင်လမ်းကြား က လမ်းဘေးဆိုင်လေးပါ.. အထူးအော်ဒါလက်ခံပါတယ်..။

လာမယ့် ၂၈ ရက်နေ့ စာသင်သား သံဃာတွေ အတွက်ဆွမ်းကပ်ဖို့ ပွဲ-၃၀ ကျွန်မအော်ဒါမှာထားတယ်.. ၄၅၀၀၀ ကျပ်နဲ့ဆွမ်းကပ်ခွင့်လည်းရပါပြီ.. Fairy လေးကို အားပေးတဲ့သူတွေကြောင့် ကျွန်မ လုပ်ပေးနိုင်တာပါ.. ကုသိုလ်ထပ်တူရပါစေ.. ပုံလေးတွေ တပုံချင်းကြည့်ပေးနော်.. menu လေးပါတယ်.. မိုးချုပ်နေတော့ ပုံလေးတွေသိပ်မပေါ်ပေမဲ့ နောက်နေ့ ကျွန်မ လှလှလေးထပ်ရိုက်ပေးဦးမယ်.. ဘဝသစ် စားဖွယ်စုံ အော်ဒါမှာ လို့ရပါတယ်..။

Powered by Blogger.